ရန်ကုန်မြို့ ၊ ပန်းဘဲတန်းမြို့နယ်၊ ၂၉ လမ်း နဲ့ လမ်း ၃၀ ကြား မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန် ရွှေဆိုင်မှာ သေနတ်ပြပြီး ဓားပြဝင်တိုက်သူ အမျိုးသား လေးယောက်ကို အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ဖမ်းမိပြီ ဖြစ်တယ်လို့ တိတ်ရှိန် ရွှေဆိုင်က တာဝန်ရှိသူတစ်ယောက်ကအတည်ပြု ပြောပါတယ်။အခင်းဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စီစီတီဗီမှတ်တမ်းက တစ်ဆင့် စုံစမ်း ဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် အခင်းဖြစ်ပြီး နာရီပိုင်းအကြာမှာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ အမျိုးသား လေးယောက် ကို ဖမ်းမိပြီး သက်ဆိုင်ရာ ရဲစခန်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။



