လာမည့် ဧပြီလမှ မေလအတွင်း နွေစပါးတင်းသိန်းနှင့် ချီကို လယ်သမားများထံမှ ဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောကြားခဲ့သည်။တောင်သူလယ်သမားများထံမှ စပါးတင်းသိန်း ၁၅၀နှင့် ဧည့်မထဆန်အိတ် ၄ သိန်းကို ပို့ကုန်ကုမ္ပဏီများ၊ အသင်းဝင်ဆန်စက်ကြီးများနှင့် ပူးပေါင်းပြီး ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စပါး၊ ဆန်ရောင်းချရန် အခက်အခဲရှိသည့် တောင်သူများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံး ဖုန်းနံပါတ် ဝ၁-၂၃၀၁၁၂၈-၂၉ ၊ ၀၁-၂၁၈၂၆၆-၆၈ ကို ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။



