စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာနတွင် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ၊စာဖတ်သည့်အလေ့အကျင့် များရရှိစေရန်နှင့်လူအများကြား ဆွေးနွေးတတ်သည့်အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်၍ စာအုပ် စာစောင်ချစ်မြတ်မိုးသူများအသင်း(Book Club)ဝင်များနှင့်စာပေဝါသနာရှင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ထို့နောက် တက်ရောက်လာသူ စာပေဝါသနာရှင်များက အဆိုပါ ဆောင်းပါးများနှင့်ပတ် သက်၍ မိမိတို့၏ဘဝအတွေ့အကြုံများနှင့်ပေါင်းစပ်၍ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြ ကြောင်း သိရပါသည်။



