ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် နန်းမယ်ခုံမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုမှာ မိုးသက်လေပြင်းကြောင့် စာသင်ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်ခဲ့ပြီး ကျောင်းဆောင် ပြန်လည်ပြုပြင်ဖို့ အကူအညီ လိုအပ်နေပါတယ်။မတ်လ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ နန်းမယ်ခုံမြို့နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ၁ နာရီကြာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါသည်။



