ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ မြင်းမထိတောင်တွင် လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ သတ္ထုတူးဖော်မှုလုပ်ကိုင်ရန် စီစဉ်နေမှုကို ပရာဒေါင်းဆွေမျိုးစုက ပြင်းထန်စွာ ကန့်ကွက် လိုက်သည်။နယ်မြေခံလူထုနှင့် ဆွေမျိုးစု၏ သဘောထားမေးမြန်းခြင်းမရှိဘဲ ချုပ်ဆိုထားသည့် စာချုပ်အပေါ် မကျေနပ်မှုရှိပြီး သတ္ထုတူးဖော်မှုကြောင့် ဒေသခံလူထု၏ ဘဝရပ်တည်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သည်ဟု ဆွေမျိုးစုက ဆိုသည်။ကုမ္ပဏီနှင့် ပြုလုပ်သည့် ဆွေးနွေးမှုများအတွင်း သတ္ထုတူးဖော်မည့် ဧရိယာနှင့် လုပ်ငန်းအချက်အလက်များ မသိရှိကြောင်းကုမ္ပဏီက ဖြေကြားခဲ့သည်။ နယ်မြေလူထုသည် သတ္ထုတူးဖော်မှုကို လက်မခံကြောင်း ထုတ်ပြန်ထားပြီး ဆွေမျိုးစု၏ ခွင့်ပြုချက်မရဘဲ တိုးဝင်မည်ဆိုပါက ဆက်လက်ကန့်ကွက်မည်ဟု သဘောထားထုတ်ပြန်ထားသည်။



