မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များ၏ ပိုလျှံသီးသန့်ငွေအပေါ် ပေးသည့် အတိုးနှုန်းကို တိုးမြှင့်သတ်မှတ် လိုက်ပြီး အနည်းဆုံး ကျပ် ၇ ဘီလီယံနှင့်အထက်ရှိသော ဘဏ်များသာ အတိုးရရှိမည် ဖြစ်သည်။ ထို့ပြင် ပိုလျှံသီးသန့်ငွေပမာဏ အများဆုံးကို ကျပ် ၅၀ ဘီလီယံအထိသာ ခွင့်ပြုမည် ဟု သိရသည်။



