လက်ရှိသီလဝါဆိပ်ကမ်းတွင် စက်သုံးဆီတင်သင်္ဘော ၆ စင်း ရောက်ရှိပြီး ပင်လယ်ဝမှာ သင်္ဘော ၃ စင်း ရှိနေကြောင်း သိရသည်။ ထို့ပြင် လမ်းခရီးတွင် သင်္ဘော ၇ စင်း၊ ပြည်ပမှ ဆီတင်ဆောင်လာသည့် သင်္ဘော ၁၀ စင်း အပါအဝင် စုစုပေါင်း ၃၀ စင်း သည် စဉ်ဆက်မပြတ် ဆီတင်သွင်းမှုများ ဆောင်ရွက်နေ ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးကော်မတီ ထံမှ သိရသည်။



