back

ပြည်တွင်း လူစားသုံးမှု တိုးလာသည့် “ဝါးပိုး” (Superworm) ဈေးကွက်

Mar 23 • 8:35 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း လူစားသုံးမှု တိုးလာသည့် “ဝါးပိုး” (Superworm) ဈေးကွက်

လူစားသုံးမှု များပြားလာသည့်အတွက် ဝါးပိုး (Superworm) ကို တိရစ္ဆာန်အစာဈေးကွက်ထက် စားသုံးသူဈေးကွက် ကို ဦးတည်မွေးမြူလာကြောင်း သိရသည်။ မူလတုန်းက Lucky Fish၊ Hamster...

လူစားသုံးမှု များပြားလာသည့်အတွက် ဝါးပိုး (Superworm) ကို တိရစ္ဆာန်အစာဈေးကွက်ထက် စားသုံးသူဈေးကွက် ကို ဦးတည်မွေးမြူလာကြောင်း သိရသည်။ မူလတုန်းက Lucky Fish၊ Hamster ကဲ့သို့ အိမ်မွေးတိရစ္ဆာန်များအတွက် အစာအဖြစ် ရောင်းချခဲ့ သော်လည်း, ကြော်၍ ရောင်းသူများ တဖြည်းဖြည်း တိုးလာမှု ကြောင့် လူအများ စားသုံးလာသည်။ လက်ရှိတွင် စားသောက်ဆိုင်ကြီးများ၊ ဘီယာဆိုင်များတွင် အမြည်းအဖြစ် ထည့်သွင်းအသုံးပြု လာကြသည်။ တကယ်တော့ Superworm များသည် ဝါးထဲတွင် တွေ့ရသည့် ဝါးပိုး မဟုတ်ဘဲ Beetle ပိုးကောင်၏ သားလောင်းများသာ ဖြစ် သည်။ မွေးမြူရလွယ်ကူသဖြင့် စိတ်ဝင်စားမှု တိုးလာပြီး, လက်ရှိ ဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၃၀,၀၀၀ - ၃၅,၀၀၀ ကျပ် အတွင်းရှိသည်။


news-view-count-icon

63