ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) က အမေရိကန်ဒေါ်လာ ၃ သန်းကျော် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုနှစ်ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ထိုကဲ့သို့ခွင့်ပြုခြင်းကို မတ်လ၂၂ရက်က ပြုလုပ်သည့်YRIC၏ (၃/၂ဝ၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီးပြည်တွင်းလုပ်သား၂,၈၀၂ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေမည်ဖြစ်ကြောင်း သိရသည်။



