back

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးရေပေါ်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

Mar 23 • 6:29 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးရေပေါ်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

စတုတ္ထအကြိမ်မြောက် အင်းလေးရေပေါ်သင်္ကြန်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအနီးက ရေလယ်ခန်းမရဲ့ အင်းလေးကန်ရေပြင်ပေါ်မှာ လာမယ့် ဧပြ...

စတုတ္ထအကြိမ်မြောက် အင်းလေးရေပေါ်သင်္ကြန်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအနီးက ရေလယ်ခန်းမရဲ့ အင်းလေးကန်ရေပြင်ပေါ်မှာ လာမယ့် ဧပြီလ ၁၃ရက်မှ၁၇ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်တယ်လို့ ရေပေါ်သင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီထံကနေ သိရပါတယ်။သင်္ကြန်အကြိုရက်၊ သင်္ကြန်အကျရက်၊ သင်္ကြန်အကြပ်ရက်နဲ့သင်္ကြန်အတက်ရက်တို့မှာ ၄ရက်ကြာ ပြုလုပ်မှာဖြစ်ပြီး အခုနှစ်မှာ ရောင်စုံအလှဓာတ်ပုံပြိုင်ပွဲတွေ ထပ်မံထည့်သွင်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

20