back

ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်မဟာဗန္ဓုလလမ်းပေါ် ၂၉ လမ်းထိပ်ရှိ တိတ်ရှိန် ရွှေဆိုင်ဓါးပြတိုက်ခံရ

Mar 23 • 6:20 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်မဟာဗန္ဓုလလမ်းပေါ် ၂၉ လမ်းထိပ်ရှိ တိတ်ရှိန် ရွှေဆိုင်ဓါးပြတိုက်ခံရ

ယနေ့ မတ်လ၂၃ရက် မနက်၈နာရီ ၀န်းကျင်လောက်က ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းပေါ် ၂၉ လမ်းထိပ် ဇင်ယော်မျက်မှန်ဆိုင်အနီး တိတ်ရှိန် ရွှေဆိုင်ဓါးပြ တိုက်ခံ...

ယနေ့ မတ်လ၂၃ရက် မနက်၈နာရီ ၀န်းကျင်လောက်က ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းပေါ် ၂၉ လမ်းထိပ် ဇင်ယော်မျက်မှန်ဆိုင်အနီး တိတ်ရှိန် ရွှေဆိုင်ဓါးပြ တိုက်ခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။မနက်ပိုင်းရွှေဆိုင်ဖွင့်ချိန်တွင် အမျိုးသား၄ဦး ရောက်ရှိလာပြီးနောက် ရွှေဆိုင်ကိုဓားပြ တိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်သေဆုံးမှုတေ့ မကြားမိသေးဘူးလို့ မျက်မြင်တွေ့သူတစ်ဦး ကပြောပါတယ်။ဓားပြလာတိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ ရဲကားDC ၁ စီးနဲ့ရဲ၃ယောက် နဲ့ ညဉ့်ထိန်းရဲတွေ ‌ဆိုင်နားတဝိုက် စစ်ဆေးခြေရှုပ်နေတယ်လို့ သိရပါတယ်။

news-view-count-icon

33