ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၉ ၀န်းကျင်တွင် ခရီးသည်တင်ယာဉ်များ ရပ်တန့်ခြင်းမပြုတော့ ကြောင်း သိရသည်။ယာဉ်လိုင်းများသည် ခရီးသည်များ၏ လုံခြုံရေးအရ မိုင်တိုင် ၃၁၅ မှ ၃၅၂ ကြားတွင် ရပ်နားမှုမပြုရန် ဆုံးဖြတ်ထားကြောင်း ဒေသခံများနှင့် ခရီးသည်များ ကဖော်ပြသည်။မတ်လ ၁၉ ရက်တွင် မိုင်တိုင် ၃၁၉ အနီးတွင် ယာဉ်လိုင်းများက ခရီးသည်များကို မိုင်တိုင် ၃၁၉ မရောက်မီ အခြားနေရာတွင်သာ အတက်အဆင်း ပြုရန် သတိပေးနေကြသည်။



