ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) အတွက် မြန်မာဘောက်ဆင်သမားများ စတင်လေ့ကျင့်ပြင်နေပြီဖြစ်ကြောင်း မြန်မာဘောက်ဆင်အဖွဲ့ချုပ်ထံက သိရပါတယ်။လက်ရှိ မြန်မာ့လက်ရွေးစင်ကစားသမားများအနေဖြင့် အပတ်စဉ် စနေ့နေ့တိုင်း နေပြည်တော် Gold Camp ၌ လေ့ကျင့်ပြင်နေခြင်းဖြစ်ရာ(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၉) ရက်မှ (၂၀)ရက်အထိ ထိုင်းနိုင်ငံရှိ မြို့(၃)မြို့၌ ကျင်းပသွားမှာဖြစ်ပါတယ်။



