back

ဂျာမနီ ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅သို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက်လေ့လာနိုင်မည်

Mar 23 • 5:21 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဂျာမနီ ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅သို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက်လေ့လာနိုင်မည်

ဂျာမနီနိုင်ငံ၊ Frankfurt မြို့၌ နိုဝင်ဘာလလ ၁၇ ရက်မှ ၁၈ ရက်အထိ Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅)ကို ပြုလုပ်သွား မည်ဖြစ...

ဂျာမနီနိုင်ငံ၊ Frankfurt မြို့၌ နိုဝင်ဘာလလ ၁၇ ရက်မှ ၁၈ ရက်အထိ Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅)ကို ပြုလုပ်သွား မည်ဖြစ်ရာ မြန်မာသံရုံးအပါအဝင် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့်ပတ်သက်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။ ယခုရင်းနှီးမြှုပ်နှံမှုပြပွဲသည် အမျိုးမျိုးသော နယ်ပယ်များနှင့် ကဏ္ဍပေါင်းစုံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေးအတွက် ရည်မှန်းကျင်းပသော နိုင်ငံ တကာအဆင့်မီပြပွဲကြီးဖြစ်ပြီး၊ နိုင်ငံအသီးသီးမှ ရင်းနှီးမြှုပ်နှံသူများနှင့် ထိတွေ့ဆွေးနွေး နိုင်ကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိုအပ်ချက်များကို တစ်နေရာတည်းတွင် လေ့လာနိုင်သည့် Global Platform တစ်ခုဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ အတွက် ပြခန်းများ လာရောက်ပြသနိုင်မည်ဖြစ် ကြောင်း သိရသည်။ 


news-view-count-icon

20