ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ရောမမြို့ရှိ ဂျီမယ်လီဆေးရုံမှ ဆင်းခွင့်ရမှာဖြစ်ပြီး ဗာတီကန်မှာ အနည်းဆုံး နှစ်လအနားယူရမှာဖြစ်တယ်လို့ ကုသနေပးနေတဲ့ ဆရာဝန်တွေက ပြောပါတယ်။အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ဖေဖော်ဝါရီ ၁၄ ရက်ကတည်းက ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကြောင့် ဆေးရုံတက်ကုသမှုခံယူနေခဲ့ရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ငါးပတ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ အသက်အန္တရာယ်ရှိတဲ့ ကျန်းမာရေးအခြေအနေမျိုး နှစ်ခါကြုံတွေ့ရတယ်လိုပ ဆိုပါတယ်။



