ဒိန်းမတ်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ထားတဲ့ ပေါ်တူဂီအသင်းဟာ မတ်လ၂၃ရက်နေ့ ကစားမယ့် Nations League ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ အဲ့ဒီအရှုံးကို ပြန်လည်ချေဖျက်ဖို့ ကြိုးစားနေတဲ့အတွက် ပေါ်တူဂီအသင်း ဖိအားများနေတယ်လို့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဝန်ခဲ့ခဲ့ပါတယ်။



