back

ကူမင်းမြို့၌ ၂၀၂၅ ခုနှစ်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးရက်သတ္တပတ်စတင်ခြင်းအခမ်းအနားကျင်းပ

Mar 23 • 3:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကူမင်းမြို့၌ ၂၀၂၅ ခုနှစ်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးရက်သတ္တပတ်စတင်ခြင်းအခမ်းအနားကျင်းပ

ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၅ ခုနှစ်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးရက်သတ္တပတ်စတင်ခြင်းအခမ်းအနားကို မတ် ၂၁ ရက်က ကောင်...

ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၅ ခုနှစ်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးရက်သတ္တပတ်စတင်ခြင်းအခမ်းအနားကို မတ် ၂၁ ရက်က ကောင်စစ်ဝန်ချုပ်ရုံးများဇုန်တွင်ကျင်းပရာ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်ဝန်ချုပ်ဦးသွင်ထက်လင်း တက်ရောက်ခဲ့သည်။ထိုသို့ တက်ရောက်ပြီးနောက် မဲခေါင်-လန်ချန်းဒေသတွင်းယဉ်ကျေးမှုကဏ္ဍ၊ လူငယ်ရေးရာကဏ္ဍနှင့် ငြိမ်းချမ်းရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ခေါင်းစဉ်များအလိုက် အသီးသီးဆွေးနွေးခဲ့ပြီး “အာရှဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအသိအမြင်များ”စာအုပ်တွဲကို မိတ်ဆက်ဖြန့်ဝေပေးခဲ့သည်။


news-view-count-icon

24