back

မြန်မာ-အိန္ဒိယ IT ကဏ္ဍ ပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်းအခမ်းအနား ကိုနေပြည်တော်တွင် ကျင်းပ

Mar 23 • 1:58 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ-အိန္ဒိယ IT ကဏ္ဍ ပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်းအခမ်းအနား ကိုနေပြည်တော်တွင် ကျင်းပ

နေပြည်တော်တွင် မတ်လ ၂၂ရက်နေ့မွန်းလွဲပိုင်းကမြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား သတင်းအချက်အလက်နည်းပညာ (IT) ကဏ္ဍ ပူးပေါင်းမြှင့်တင်ရေးဆိုင်ရာနားလည်မှု စာချွန်လ...

နေပြည်တော်တွင် မတ်လ ၂၂ရက်နေ့မွန်းလွဲပိုင်းက

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား သတင်းအချက်အလက်နည်းပညာ (IT) ကဏ္ဍ ပူးပေါင်းမြှင့်တင်ရေးဆိုင်ရာနားလည်မှု စာချွန်လွှာ (MoU) သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်း အခမ်းအနားကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီးရုံး၌ကျင်းပခဲ့ပါတယ်။ယနေ့ခေတ် Digital Transformation ဆိုင်ရာ IT ဖွံ့ဖြိုးမှုတိုးတက်မှုအရွေ့များ မြန်ဆန်လျက်ရှိသည်ကို အမီလိုက်ပါနိုင်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်ကြောင်း၊ ယနေ့လဲလှယ်မှုမှ AI၊ Cybersecurity၊ Big Data၊ Cloud Computing စသည့် ထွန်းသစ်စ IT နည်းပညာများဆိုင်ရာ လူ့စွမ်းအားရင်းမြစ်များ မွေးထုတ်ခြင်း၊ သုတေသနအတွေ့အကြုံများ ဖလှယ်ခြင်း၊ စွမ်းရည်များ မြှင့်တင်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ပြီးဒေသတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းတည်ထောင်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆွေးနွေးခဲ့ပါတယ်။



news-view-count-icon

14