၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပဲမျိုးစုံ တန်ချိန် ၁,၈၂၈,၂၇၈ နှင့် တန်ဖိုး ၁,၅၅၈.၉၁၄ သန်း အမေရိကန်ဒေါ်လာတင်ပို့နိုင်ခဲ့ပြီး မတ်လအတွင်း တိုးမြှင့်ရန် ကြိုးပမ်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်သည်။ မတ်ပဲစိုက်ပျိုးမှု ဧက ၇,၀၀၀ ကျော်တိုးမြှင့်ထားပြီး ယခင်နှစ်ထက် တန်ချိန် ၆,၀၀၀ ကျော် ပိုမိုထွက်ရှိနိုင် မည်။ ပဲတင်ပို့မှု ၈၀% ကို အိန္ဒိယ သို့တင်ပို့ကာ ပါကစ္စတန်၊ ယူအေအီး၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန် အပါအဝင် ၃၂ နိုင်ငံ သို့တင်ပို့နေသည်။ ပြည်ပဈေးကွက်လိုအပ်ချက်အား လေ့လာ၍ တိုးချဲ့စိုက်ပျိုးခြင်း၊ အထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ခြင်း စသည့် အစီအစဉ်များ ဆောင်ရွက်နေကြောင်း သိရသည်။



