Google ပိုင် AI ကုမ္ပဏီတစ်ခု ဖြစ်တဲ့ DeepMind ရဲ့ CEO ဒီမစ် ဟတ်ဆာဘစ်ကတော့ လူထက်သာတဲ့ AGI တွေ နောက် ၅ နှစ်နဲ့ ၁၀ နှစ်အတွင်း ပေါ်လာမယ်လို့ ထုတ်ပြောပါတယ်။ ဟက်ဆာဘစ်ကတော့ AGI ဆိုတာကို လူလောက်နိုင်သလောက် ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်စွမ်းရှိတဲ့ စနစ်တစ်ခုလို့ သတ်မှတ်ပါတယ်။ AGI တွေ ဘယ်လောက် အစွမ်းထက်နိုင်မလဲတော့ ဘယ်သူမှ အတိအကျ မပြောသေးပါဘူး။ ပြောဖို့ စောသေးတာလည်း ဖြစ်နိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလို AGI ပေါ်လာမယ့် timeline ကို ခန့်မှန်းတာတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ Tesla CEO အီလွန်မတ်စ်နဲ့ OpenAI CEO တို့ကတော့ AGI တွေကို နောက်နှစ်နှစ် သုံးနှစ်အတွင်း ပေါ်လာမယ်လို့ တွက်ထားကြပါတယ်။



