back

ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်တွင် ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုဖြစ်ပွါး

Mar 22 • 4:38 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်တွင် ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုဖြစ်ပွါး

ခရီးသည်များ တင်ဆောင်လာသည့် ခရီးသည်တင်ဘတ်စ်ကားသည် မတ်လ ၂၂ ရက် ညနေ ၅ နာရီက ထိုင်းနိုင်ငံ၊ ဖူးကက်ခရိုင် ကမလ-ပက်တွန်လမ်းတွင် ခေါင်ကွမ်ယက်ကျေးရွာ အမှတ်(၆)၌ တိမ်းမှော...

ခရီးသည်များ တင်ဆောင်လာသည့် ခရီးသည်တင်ဘတ်စ်ကားသည် မတ်လ ၂၂ ရက် ညနေ ၅ နာရီက ထိုင်းနိုင်ငံ၊ ဖူးကက်ခရိုင် ကမလ-ပက်တွန်လမ်းတွင် ခေါင်ကွမ်ယက်ကျေးရွာ အမှတ်(၆)၌ တိမ်းမှောက်ခဲ့သည်။ အဆိုပါ ဘတ်စ်ကားသည် ကမလခရိုင်ခွဲမှ Patong ခရိုင်ခွဲဘက်သို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။ ခရီးသွားများ၊ ဧည့်လမ်းညွှန်တစ်ဦးနှင့် ယာဉ်မောင်းအပါအဝင် စုစုပေါင်း လူ ၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူအားလုံးကို Patong ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ယာဉ်မောင်းအား စစ်ဆေးရေးလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အရက်သေစာသောက်စားမှုဖြင့် အရေးယူထားသည်။ 


news-view-count-icon

11