မကြာသေးမီက ဖြန့်ဝေသည့် ဗီဒီယိုတစ်ခုတွင် Xiaomi စီအီးအို Lei Jun က ရှောင်မီစက်ရုံ ၆ ထပ်ပေါ်မှ ဖရဲသီးတလုံးကို ပစ်ချလိုက်သည်။ ဖရဲသီး ကွဲထွက်မည့်အစား ပကတိအတိုင်း ဆက်ရှိနေသည်။ အကြောင်းမှာ ဖရဲသီးကို ကျည်ကာဆေးလွှာဖြင့် ဖုံးအုပ်ထားသောကြောင့် ဖြစ်သည်ဟု Lei Jun က ဆိုသည်။ ပေါက်ထွက်ခြင်း၊ စုတ်ပြဲခြင်း၊ ပွန်းပဲ့ခြင်းတို့ကို ခံနိင်ရည် ရှိသည့် ဆေးအလွှာဖြစ်သည်။ Xiaomi SU7 Ultra ၏ ဘက်ထရီထုပ်ကိုလည်း အလားတူ ကျည်ကာဆေးလွှာ အုပ်ကာပေးထားသဖြင့် ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးသည်ဟု ဆိုသည်။
Mar 22 • 3:24 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 8 | 0 | 0 | 0 |


