ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေဲ့ ထိုင်းနိုင်ငံကို အလုပ်ခေါ်စာအသစ်တင်ပြတာကို မေလ ၂ ရက်က စတင်ပြီး လက်ခံဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မတ်လ ၂၂ ရက်မှာ ထုတ်ပြန် ထားပြီးပြည်ပအလုပ်အကိုင် အေဂျင်စီတွေအနေနဲ့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနကို တင်ပြရာမှာ အလုပ်ခေါ်စာ တင်ပြရာမှာ လူဦးရေ ၅၀ ထက် မပိုစေဖို့နဲ့ အေဂျင်စီတစ်ခုဟာ တစ်လကို တစ်ကြိမ်သာ တင်ပြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနဲ့ အခြားနိုင်ငံတွေအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းအစီအစဉ် တွေကိုလည်း မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဆက်လက်ဖော်ပြသွားမယ်လို့ သိရပါတယ်။



