မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက သင်္ကြန်အကြိုပြည်တွင်းဆီစက်များဈေးရောင်းပွဲတော်အဖြစ် ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၅ ရက်အထိ ရန်ကုန်မြို့မှာ မြေပဲဆီတွေရောင်းချပေးသွားမယ်လို့ သိရပါတယ်။ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်( UMFCCI) နဲ့ ရန်ကင်းမြို့နယ် ရန်ရှင်းလမ်းမပေါ်မှာ မြေပဲဆီ နှမ်းဆီ နဲ့ နေကြာဆီတွေကို ရောင်းချပေးမှာဖြစ်ပါတယ်။လက်ရှိမှာ မှတ်ပုံတင်ထားတဲ့ဆီစက် ၃ထောင် ကျော် အပါအဝင် မှတ်ပုံမတင်ထားတဲ့ ကျေးလက်ဒေသမှာရှိတဲ့ ဆီစက် စုစုပေါင်း ၅ထောင်ကျော် လောက်ရှိပြီး ပြည်တွင်းဆီစက် ၈၀ ရာခိုင်နှုန်းလောက်လည်ပတ်နေတယ်လို့ သိရပါတယ်။အဲဒီဆီစက်တွေကနေ တစ်လကို မြေပဲဆီတန်ချိန် ၄သောင်းလောက် ထုတ်လုပ်နေတယ်လို့ သိရပါတယ်။



