၂၂.၃.၂၀၂၅ ရက်နေ့၊ ၁၉ :၂၀ အချိန်ခန့်၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္မူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်တွင် မြက်ခြောက်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သုခသိဒ္ဓိနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၀ : ၁၁ အချိန်တွင်မီးငြိမ်းသွားကြောင်း သိရပါသည်။



