ယနေ့ မတ်လ ၂၂ရက်နေ့ကရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် ကျေးရွာတရွာမှာ မိုင်းဖြစ်မှန်းမသိပဲ ကိုင်ဆော့ရာကနေကလေး ၃ဦး ထိခိုက်ပြီး တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ပွဲချင်းပြီး သေဆုံးခဲ့သူမှာ အသက် (၃၅)နှစ်အရွယ် ဖခင်ဖြစ်သူ ဦးအေဖရယ် (ခ)ဆိုးဒဲ ဖြစ်ပါတယ်။ သားဖြစ်သူ ၁၀ နှစ်အရွယ်တစ်ဦး နဲ့ ၁၂ နှစ်အရွယ်တစ်ဦး နဲ့ ၅နှစ်အရွယ် သမီးတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ခဲ့သူ ၃ဦးအနက် တစ်ဦးမှာ အနည်းငယ်စိုးရိမ်ရတယ်လို့ အဆိုပါ ဒေသခံအမျိုးသမီးထံမှ သိရပါသည်။



