မူးယစ်ဆေးဝါးရောင်းချနေတဲ့သတင်းအရ ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက် ထဲကနေ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၆၀၀ ကျော်ဖိုး ဖမ်းဆီးရမိတဲ့ ဖြစ်ရပ်တစ်ခု မတ် ၁၉ ရက်က ဖြစ်ပွားခဲ့ ကြောင်း CCDAC MYANMAR သတင်းစာမျက်နှာကနေ သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။ထိုသို့ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် ညီညီထွန်း(၄၃)နှစ်အား ဒေါပုံမြို့မရဲစခန်းတွင် မူးယစ် ဆေး ဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။



