သင်္ကြန်ပိတ်ရက်အတွက် ချောင်းသာ၊ ငွေဆောင်ကမ်းခြေဟိုတယ်အများစု အခန်းဘိုကင်မှာ ယူသူ တွေ များပြားနေကြောင်း ခရီးသွားလာသူများထံမှ သိရသည်။လက်ရှိ ငွေဆောင် ၊ ချောင်းသာကမ်းခြေများတွင် ခရီးသွားများ ပြန်လည်ဝင်ရောက်လာမှုများရှိသလို သင်္ကြန် အတွက် ကြိုတင်အခန်းလှမ်းမှာကြသူများလည်း အများအပြားရှိနေကြောင်း ငွေဆောင်ဒေသခံများထံမှ သိရသည်။



