ကရင်ပြည်နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ညအိပ်တည်းခိုနေသည့် နယ်ဝေးကျောင်းသား၊ ကျောင်းသူများကို စားသောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်းမှ ဆရာ၊ ဆရာမ ၈၄ ဦး၊ စားမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသား ၂၇၈ ဦး လိုက်ပါကူညီဆောင်ရွက်သည့် ကျောင်းသား မိဘ ၂၈ ဦး စုစုပေါင်း ၃၉၀ ဦးတို့ကို တစ်ဦးလျှင် ဆန် ၁၆ ဗူး၊ ဆီ ၅၀ ကျပ်သား၊ ပဲ ၅၀ ကျပ်သားနှင့် ကြက်ဥ ၁၆ လုံးစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။



