back

လယ်ဝေးမြို့နယ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့်အမျိုးသား နှစ်ဦး အလောင်းတွေ့ရှိ

Mar 22 • 3:14 PM

breaking-news

မြန်မာ

ရှမ်း

cover

လယ်ဝေးမြို့နယ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့်အမျိုးသား နှစ်ဦး အလောင်းတွေ့ရှိ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်မြေယာကျေးရွာနှင့် ဒလန့်ချွန်ကျေးရွာအကြား ဒလန့်ချွန်ကျေးရွာ လမ်းမပေါ်တွင် ယနေ့နံနက် ၆ နာရီကျော်အချိန်ခန့်က လူ ၂ ဦးအားသေဆုံးလျက်တ...


နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်မြေယာကျေးရွာနှင့် ဒလန့်ချွန်ကျေးရွာအကြား ဒလန့်ချွန်ကျေးရွာ လမ်းမပေါ်တွင် ယနေ့နံနက် ၆ နာရီကျော်အချိန်ခန့်က လူ ၂ ဦးအားသေဆုံးလျက်တွေ့ရှိရကြောင်း သိရသည်။သေဆုံးသူ ကိုငယ်လေး၊ ၄၁ နှစ်၊ ရွာဆင်ပေါင်မြို့နယ်နေသူတွင် မျက်နှာကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ယာဆီးခုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် ပက်လက်လဲကျသေဆုံးနေပြီး၊ ခင်မောင်ဝင်း၊ ၃၅ နှစ်တွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာ ၁ ချက်တို့ဖြင့် မှောက်လျက် လဲကျသေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သိရသည်။အဆိုပါ အခင်းဖြစ်နေရာမှ ၉ မမ ကျည်ခွံ(၂)ခု၊ ၇.၆၂×၃၉ ကျည်ခွံ(၃)ခုတွေ့ရကြောင်း သတင်းများအရသိရသည်။


news-view-count-icon

14