back

ချင်းကျန်းမာရေးအဖွဲ့က ကျန်းမာရေးအထောက်အပံ့မရသေးတဲ့ နေရာတွေက ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေး

Mar 22 • 1:30 PM

breaking-news

မြန်မာ

ချင်း

cover

ချင်းကျန်းမာရေးအဖွဲ့က ကျန်းမာရေးအထောက်အပံ့မရသေးတဲ့ နေရာတွေက ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေး

ချင်းကျန်းမာရေးအဖွဲ့ Chin Health Organization (CHO) က ကျန်းမာရေးအထောက်အပံ့မရတဲ့ ချင်းပြည်တွင်းက ဒေသတွေကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ပေးနေရာမှာ ပလက်ဝမြို့နယ်ရ...

ချင်းကျန်းမာရေးအဖွဲ့ Chin Health Organization (CHO) က ကျန်းမာရေးအထောက်အပံ့မရတဲ့ ချင်းပြည်တွင်းက ဒေသတွေကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ပေးနေရာမှာ ပလက်ဝမြို့နယ်ရှိ ကျေးရွာတွေကို အခုမတ်လ ဒုတိယအပတ်ကစတင်ကာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေကို ကာကွယ်ဆေးလိုက်လံ ထိုးပေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါသည်။ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါကာကွယ်ဆေး၊ ဝက်သက်ကာကွယ်ဆေး၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ အသည်းရောင်အသားဝါ (ဘီ)၊ ဟေမိုဖီးလပ်စ် ဦးနှောက်အမြှေးရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါ စတဲ့ကာကွယ်ဆေးတွေကို ထိုးနှံတိုက်ကျွေးနေပြီးကိုယ်ဝန်ဆောင် မိခင်တွေအတွက် အာဟာရနဲ့ လက်မောင်းအပတ် တိုင်းတာတာတွေ၊ အာဟာရပြတ်တောက်တဲ့ကလေးတွေကို အာဟာရအစားအစာ တိုက်ကျွေးတာတွေနဲ့ ကိုယ်ဝန်ဆောင်တွေကို သံဓါတ်အားဆေးပေးဝေတာတို့ စတဲ့ ကျန်းမာရေးဝန်ဆောင်မှု ပေးတယ်လို့ ဒေသခံတွေထံမှ သိရပါသည်။

 


news-view-count-icon

22