back

ပလက်ဝမြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်

Mar 22 • 1:29 PM

breaking-news

မြန်မာ

ချင်း

cover

ပလက်ဝမြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်

ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာတွေမှာ ဒီနှစ်ထဲ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် ဒေသခံပြည်သူတွေ စားဝတ်နေရေး အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကန...

ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာတွေမှာ ဒီနှစ်ထဲ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် ဒေသခံပြည်သူတွေ စားဝတ်နေရေး အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါသည်။အခြေခံစားသောက်ကုန်တွေ ပုံမှန်မဝင်‌ရောက်လာတာနဲ့ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်လာတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာကာ ဒေသခံတွေအတွက် အခက်အခဲဖြစ်ရတဲ့အပြင် ကျေးရွာတွေမှာ ဈေးရောင်းချနေတဲ့ ဈေးသည်တွေအတွက်လည်း အခက်အခဲဖြစ်ရတယ်လို့ စုံစမ်းသိရှိရပါသည်။ဒါ့အပြင် ကြက်သွန်နီ တစ်ပိသာကို နှစ်သောင်းကျပ်၊ ကြက်သွန်ဖြူတစ်ပိသာကို နှစ်သောင်းခွဲကျပ်ခန့်ရှိနေပြီး ကော်ဖီမစ် အထုတ်သေးတစ်ထုပ်ကို တစ်ထောင်ကျပ်ဈေး ရှိနေတယ်လို့ သိရပါသည်။

 


news-view-count-icon

18