ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအနောက်ဖက် ခြမ်းရှိကျေးရွာများတွင် ရွေ့ပြောင်းတောင်ယာလုပ်ကိုင်ရန် တောမီးရှို့ခြင်းများပြုလုပ်နေပြီး မီးခိုးငွ့များကိုရှူရှိုက်မိ သော သက်ကြီးရွယ်အိုအချို့ အသက်ရှူလမ်းကြာင်းဆိုင်ရာရောဂါများဖြစ်ပွား နေသည်။တောမီးရှို့ ခြင်း၊ တောင်ယာမီးရှို့ ခြင်းများသည် လေထုကို ညစ်ညမ်းစေပြီး သစ်တောများ ပျက်စီးစေသောကြောင့် ဆင်ခြင်သင့် ကြောင်းဒေသခံအချို့က တောင်းဆိုထားသည်။ရွေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းသည် တောကျေးရွာဓလေ့တခုဖြစ်ပွားနေသလို ထိုသို့ပြုလုပ်သည်မှာ သစ်တောပြုန်းတီးမှုလည်းဖြစ်စေသည့်အပြင် သဘာဝပတ်ဝန်းကျင် ကိုပါထိခိုက်နိုင်ကြောင်းသိရသည်။



