back

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကလိုလ်ဝင်တန်းစာမေးပွဲကို ကသာခရိုင်၌ အောင်မြင်စွာ ကျင်းပပြီးစီး

Mar 22 • 11:13 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကလိုလ်ဝင်တန်းစာမေးပွဲကို ကသာခရိုင်၌ အောင်မြင်စွာ ကျင်းပပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ ကသာနှင့် အင်းတော် မြို့နယ်များရှိ စာစစ်ဌာနများတွင် မတ်လ ၁၇ ရက်နေ့မှ စတင်ကျင်းပခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ ကသာနှင့် အင်းတော် မြို့နယ်များရှိ စာစစ်ဌာနများတွင် မတ်လ ၁၇ ရက်နေ့မှ စတင်ကျင်းပခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၂၂ ရက်နေ့တွင် အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ ကြောင်းသိရသည်။ ကသာခရိုင်တွင် ကသာမြို့နယ်၌ စာစစ်ဌာန(၁)ခု၊ ဗန်းမောက်မြို့နယ်၌ စာစစ်ဌာန(၁)ခု စုစုပေါင်း စာစစ်ဌာန(၂)ခုဖွင့်လှစ်၍ ဖြေဆိုကြရာ မြန်မာစာ ဘာသာရပ်မှစ၍ ဇီဝဗေဒဘာရပ်နှင့် ‌ဘောဂဗေဒဘာသာရပ်အထိ ကျောင်းတွင်း/ ကျောင်းပြင်ပ ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ(၇၂၈)ဦး ဖြေဆိုခဲ့ကြပြီး ဖြေဆိုရာခိုင်နှုန်း (၉၈ ဒသမ ၅၁)ရှိကြောင်းနှင့် စိတ်ကြိုက်မြန်မာစာဖြေဆိုသူမရှိကြောင်း ခရိုင်ပညာရေးမှူး ရရုံးမှ သိရှိရသည်။


news-view-count-icon

16