စစ်ကိုင်းတိုင်းဒေသကြီးအခြေခံစာကြည့်တိုက်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါသင်တန်းကို မတ်လ (၁၈)ရက်နေ့မှ(၂၂) ရက်နေ့ထိနည်းပြများကစာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/သူ (၂၀)ဦးတက်ရောက်ခဲ့သည်ဟု သိရပါသည်။



