စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးကို မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့ထိ ဖြေဆိုခဲ့ရာ ယနေ့နံနက်ပိုင်းက အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၂၅၄) ဦး ဝင်ခွင့်လျောက်ထားကြောင်း၊ ယနေ့ ဇီဝဗေဒဘာသာရပ်၌ (၁၂၈) ဦး၊ ဘောဂဗေဒဘာသာရပ်၌ (၁၂၀) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၄၈) ဦးဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။



