ယနေ့ နံနက် ၁၀ နာရီ ခွဲခန့်တွင် လောင်းလုံးမြို့ နယ် ပန်းတင်အင်းရွာတွင် ၁၂ ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်မှစပြီးမီးဘေးသင့်ပြည်သူ တစ်ရာနီးပါး အရေးပေါ် အကူညီလိုအပ်လျက်ရှိကြောင်း ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရသည်။အဆိုပါမီးလောင်မှုကြောင့် ပန်းတင်အင်း ၁၂ ရပ်ကွက်ရှိ လူနေအိမ် နှစ်ဆယ်နီးပါး မီးလောင်ပျက်စီးသွားပြီး မီးဘေးသင့် လူဦးရေ ၁၀၀ နီးပါးခန့်အရေးပေါ် အကူအညီလိုအပ်နေကြောင်း ဒေသခံများကပြောသည်။ပန်းတင်အင်းကျေးရွာသည် မောင်မကန်ကမ်းခြေရှိသည့် မောင်းမကန်ကျေးရွာနှင့် တစ်ဆက်တည်းတွင်ရှိပြီး ဒေသခံအများစုမှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသည်။



