ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဖတ်မာကျေးရွာတွင် ရွှေတူးဖော်ရန် လုပ်ငန်းရှင်များ ပြင်ဆင်နေ ကြောင်း ဒေသခံများနှင့် ရွှေလုပ်ငန်းရှင်တချို့မှ သိရှိရသည်။မချမ်းဘော့မြို့နယ်ရှိ နမ်ခမ်ကျေးရွာနှင့် နမ်ဆဘွမ်ကျေးရွာ၌ ရွှေတူးဖော်ရာတွင် ဒေသခံတချို့၏ ကန့်ကွက်မှုများ၊ အခွန်အခများပြားမှုများနှင့် အစိုးရဌာနများ၏ ဖိအားပေးမှုများကြောင့် ပူတာအိုမြို့နယ်ရှိ ဖတ်မာကျေးရွာသို့ ရွေ့ပြောင်းတူးဖော်ရန် ပြင်ဆင်နေကြကြောင်းသိရှိရသည်။ဖတ်မာကျေးရွာသည် လွန်ခဲ့သော ၂၀၂၁ ခုနှစ်မှ စ၍ ရွှေတူးဖော်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒေသခံများ၏ ကန့်ကွက်မှုများကြောင့် ခေတ္တရပ်နားထားသော ကျေးရွာတစ်ရွာလည်းဖြစ်သည်။



