မင်းတပ်မြို့နယ်အတွင်း သဘာဝ အလျောက်တောမီးလောင်ကျွမ်းမှုတို့ကြောင့် မင်းတပ်-မတူပီ လမ်းတလျှောက်တွင် သွယ်တန်းထားသော ရေပိုက်လိုင်းများ ပျက်စီးမှုကြောင့် မင်းတပ်မြို့တွင်းတွင် ခေတ္တရေပြတ်လပ်နေကြောင်း ယနေ့ မတ်လ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါသည်။အဆိုပါပျက်စီးသွားသည့် ရေပိုက်လိုင်းများကို ပြုပြင်ကာအမြန်ဆုံး ရေပြန်လည်ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ရေပိုက်လိုင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် ပြည်တွင်း/ပြည်ပအကူအညီများ လိုအပ်လျက်ရှိပြီး ရေပိုက်လိုင်းသွယ်တန်းရေး အလှူများကိုလည်း ကြိုဆို လက်ခံလျက်ရှိကြောင်းသိရပါသည်။



