back

ပိုပြီးကောင်းအောင် လုပ်ရမယ်လို့ အင်္ဂလန်ကို တူချယ်လ် သတိပေး

Mar 22 • 6:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပိုပြီးကောင်းအောင် လုပ်ရမယ်လို့ အင်္ဂလန်ကို တူချယ်လ် သတိပေး

အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ သူကိုင်တွယ်တဲ့ ပထမဆုံးပွဲစဉ်မှာ အယ်လ်ဘေးနီးယားအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့် ပိုပြီးကောင်းအောင် လုပ်ရမယ်လို့ ...

အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ သူကိုင်တွယ်တဲ့ ပထမဆုံးပွဲစဉ်မှာ အယ်လ်ဘေးနီးယားအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့် ပိုပြီးကောင်းအောင် လုပ်ရမယ်လို့ အင်္ဂလန်အသင်းကို သတိပေးခဲ့ပါတယ်။တူချယ်လ်က "ကျနော်တို့ ပိုကောင်းအောင် လုပ်နိုင်တယ်၊ ကျနော်တို့ ပိုပြီးကောင်းအောင် လုပ်ရပါမယ်။ ကျနော် တို့ ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီး ၇ မိနစ် ဒါမှမဟုတ် ၈ မိနစ်မှာ ဘောလုံးပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုန်းနဲ့ ဘောလုံး ပေးပို့မှုတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ဟာ အလွန်နှေးကွေးလွန်းတယ်လို့ ခံစားခဲ့ရကြောင်း”ITV ကို ပြောခဲ့တာပါ။

news-view-count-icon

19