back

မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ကို မိုးဇလမှထုတ်ပြန်

Mar 22 • 6:05 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ကို မိုးဇလမှထုတ်ပြန်

၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင...

၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီးရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ- နေရာကွက်ကျား မိုးထစ်ချုန်းရွာ၍အမြင့်တာ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်နဲ့ရေပြင်လေဟာအရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀မှ ၂၅ မိုင်ဖြစ်ပြီးလှိုင်းအ‌ခြေအနေဟာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိကာလှိုင်းအမြင့်မှာ- ၄ ပေမှ ၆ ပေခန့်ရှိပါတယ်။ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ-

အမြင့်တာ၅ မိုင်နဲ့ရေပြင်လေဟာအနောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀မှ-၁၅ မိုင်နဲ့ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်ထိလှိုင်းအ‌ခြေအနေဟာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိရာ လှိုင်းအမြင့်မှာ ၄ ပေမှ ၆ ပေခန့်ထိရှိပါတယ် ။

news-view-count-icon

18