back

ရန်ကုန်၊မန္တလေးနဲ့ဒေသအချို့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟု မိုးဇလထုတ်ပြန်

Mar 22 • 4:59 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်၊မန္တလေးနဲ့ဒေသအချို့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟု မိုးဇလထုတ်ပြန်

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေနဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ က...


နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေနဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။ရန်ကုန်၊မန္တလေးနဲ့ဒေသအချို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းဖို့ ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာဖို့ရှိတယ်လို့ လည်းမိုးဇလမှထုတ်ပြန်ထားပါတယ်။

news-view-count-icon

18