၂၂.၃.၂၀၂၅ ရက်ယနေ့၊ ၁၀နာရီ ၃၇ မိနစ်အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ပါတယ်။



