ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ညအိပ်တည်းခိုနေသည့် နယ်ဝေးကျောင်းသား၊ ကျောင်းသူ
အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်းမှ ဆရာ၊ ဆရာမ ၈၄ ဦး၊ စားမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသား ၂၇၈ ဦး လိုက်ပါကူညီဆောင်ရွက်သည့် ကျောင်းသား မိဘ ၂၈ ဦး စုစုပေါင်း ၃၉၀ ဦးတို့ကိုတစ်ဦးလျှင် ဆန် ၁၆ ဗူး၊ ဆီ ၅၀ ကျပ်သား၊ ပဲ ၅၀ ကျပ်သားနှင့် ကြက်ဥ ၁၆ လုံးစီ
စားသောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့ပါတယ်။အဆိုပါ ကျောင်းသား၊ ကျောင်းသူများသည် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ စာမေးပွဲ ဝင်ရောက်ဖြေဆိုရန်အတွက် ညအိပ်စခန်းသွင်းတည်းခိုနေထိုင်ကြခြင်းဖြစ်ပါတယ်။


