တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး၌ CT Scanner (64 Slices) ကွန်ပျူတာဓာတ်မှန်စက်သစ်ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၁ရက်နေ့ နံနက် ၉ နာရီတွင် အဆိုပါဆေးရုံကြီး၌ ကျင်းပခဲ့ပါတယ်။ကွန်ပျူတာဓာတ်မှန်စက်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ကွန်ပျူတာဓာတ်မှန်စက်အသစ်နှင့် ကျောက်ကပ်သွေးသန့်စင်ခန်းတို့ကို လှည့်လည် ကြည့်ရှုခဲ့ပါတယ်။ ဆေးရုံသုံးစက်ပစ္စည်းကိရိယာ တန်ဖိုးငွေကျပ် ၁၆၂ ဘီလီယံကျော်ကို ဝယ်ယူခဲ့ပြီး ပြည်သူ့ဆေးရုံကြီးများတွင် 64 Slice CT Scanner စက်အသစ်များ တပ်ဆင်အသုံးပြုနိုင်ခဲ့ပါကြောင်း၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသည် ခုတင်(၂၀၀)ဆံ့ ဆေးရုံဖြစ်သဖြင့် ဆေးပညာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ အကြောနှင့် ထိခိုက်ဒဏ်ရာ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြား၊ စိတ်ကျန်းမာရေး၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးအထူးကုဌာနများ၊ အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ သွားနှင့် ခံတွင်းဌာန၊ မေ့ဆေးဌာနနှင့် ရောဂါရှာဖွေရေး လုပ်ငန်းများအတွက် ဓာတ်ခွဲဌာနနှင့် ဓာတ်မှန်ဌာနများ ဖွင့်လှစ်၍ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။
မြိတ်မြို့ပြည်သူ့ဆေးရုံကြီး CT Scanner (64 Slices) ကွန်ပျူတာဓာတ်မှန်စက်သစ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့
Mar 22 • 3:12 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


