၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာနအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၈၅၆၃၃ ဦးနှင့် သမိုင်းဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၈၄၅ ဦးရှိကြောင်း သိရပါတယ်ာ
ယခုနှစ်တွင် ရူပဗေဒဘာသာရပ်၌ နိုင်ငံခြားစာစစ်ဌာန ၁၂ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၀၁ ခု စာစစ်ဌာနစုစုပေါင်း ၈၁၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၉၅၆၀၃ ဦးရှိပြီး လာရောက်ဖြေဆိုသူစုစုပေါင်း ၁၈၅၆၃၃ ဦး၊ ပျက်ကွက်သူ ၉၉၇၀ ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၄ ဒသမ ၉၀ ရာခိုင်နှုန်း၊ သမိုင်းဘာသာရပ်၌ နိုင်ငံခြားစာစစ်ဌာန တစ်ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၆၇၃ ခု စာစစ် ဌာနစုစုပေါင်း ၆၇၄ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၅၂၄၀ ရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၈၄၅ ဦး၊ ပျက်ကွက်သူ ၂၃၉၅ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၀ ဒသမ ၅၁ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပါတယ်။





