အမေရိကန်စစ်တပ်အတွက် မျိုးဆက်သစ်တိုက်လေယာဉ်ကို ဘိုးအင်းကုမ္ပဏီက တည်ဆောက်ထုတ်လုပ်သွားမှာဖြစ်ပြီး ဒီလေယာဉ်ကို အက်ဖ်-၄၇ လို့အမည်ပေးမယ်လို့ အမေရိကန်ရဲ့ ၄၇ ယောက်မြောက်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။အက်ဖ်-၄၇ လေယာဉ်တွေဟာ တည်ဆောက်ဖူးသမျှတွေထဲမှာ အတိုးတက်ဆုံး၊ စွမ်းရည်အရှိဆုံးနဲ့ တိုက်ခိုက်ရေးစွမ်းရည် အကောင်းဆုံးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပီးဟက်ဆက်ချ်နဲ့အတူ သမ္မတ ထရန့်က ကြေညာခဲ့ပါတယ်။



