နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌအဖြစ် အမျိုးသားတွေကို ကျော်ဖြတ်ပြီး ဇင်ဘာဘွေနိုင်ငံသူ ကာစတီ ကိုဗင်ထရီ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ကိုဗင်ထရီဟာ နှစ်ပေါင်း ၁၃၀ သက်တမ်းရှိပြီဖြစ်တဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီသမိုင်းမှာ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌဖြစ်သလို ဥက္ကဋ္ဌရာထူးကို ရယူနိုင်တဲ့ ပထမဆုံး အာဖရိက လူမျိုးလည်း ဖြစ်လာမှာပါ ။ ကိုဗင်ထရီဟာ လာမယ့် ဇွန်လမှာ လက်ရှိဥက္ကဋ္ဌ သောမတ်ဘတ်ချ်ရဲ့နေရာကို ဆက်ခံရမှာဖြစ်ပြီး နိုင်ငံတကာအိုလံပစ်ကော်မတီသမိုင်းမှာ အသက်အငယ်ဆုံး ဥက္ကဋ္ဌလည်း ဖြစ်လာတော့မှာပါ။



