NBA ချန်ပီယံဆုကို ၁၈ ကြိမ်ရရှိထားခဲ့ဖူးတဲ့ ဘော်စတွန် ဆဲလ်တစ်အသင်းကို စံချိန်တင်းဈေးဖြစ်တဲ့ ဒေါ်လာ ၆ ဒသမ ၁ ဘီလျံနဲ့ ဝယ်ယူဖို့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ဝီလျံ ဦးဆောင်တဲ့ လုပ်ငန်းစုက သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ မြောက်အမေရိက အားကစားအသင်း ဝယ်ယူမှုထဲမှာ NFL အသင်း ဖြစ်တဲ့ ဝါရှင်တန် ကွန်မန်ဒါအသင်းကို ၂၀၂၃ ခုနှစ်က ဝယ်ယူခဲ့တဲ့ ဒေါ်လာ ၆ ဘီလျံဆိုတဲ့ စံချိန်ထက် ပိုမိုများပြားခဲ့တာ ဖြစ်ပါတယ်။ ကာလီဖိုးနီးယားအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုကို တည်ထောင်ထားတဲ့ ဝီလျံဟာ ဆဲလ်တစ်အသင်းရဲ့ ထာဝရ ပရိသတ်တစ်ဦးဖြစ်သလို အသင်းကို ပိုင်ဆိုင်ခွင့်ရဖို့ကိုလည်း အမြဲတမ်း ကြိုးစားနေခဲ့တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ လက်ရှိဆဲလ်တစ်အသင်းပိုင်ရှင်တွေဟာ ၂၀၀၂ ခုနှစ်က အသင်းကို ဒေါ်လာ သန်း ၃၆၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။



