back

မကွေးတိုင်းဒေသကြီးကြက်ခြေနီ ဘက်စုံသုံး သိုလှောင်ရုံအဆောက်အဦသစ်ဖွင့်ပွဲကျင်းပ

Mar 21 • 4:30 PM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီးကြက်ခြေနီ ဘက်စုံသုံး သိုလှောင်ရုံအဆောက်အဦသစ်ဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်း မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ကြက်ခြေနီဘက်စုံသုံး သိုလှောင်ရုံ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂၀)ရက်နေ့ နံန...


မြန်မာနိုင်ငံကြက်ခြေနီအသင်း မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ကြက်ခြေနီ

ဘက်စုံသုံး သိုလှောင်ရုံ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂၀)ရက်နေ့ နံနက်ပိုင်းက မကွေးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် IFRC-AuRC ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆောက်လုပ်ပြီးစီးသည့် ဘက်စုံသုံး သိုလှောင်ရုံအဆောက်အဦ သည် RC (၁)ထပ် ၊ အလျား (၉၀) ပေ၊ အနံ (၅၀) ပေ၊ အမြင့် (၃၀)ပေရှိ အဆောက်အဦဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် စတင် တည်ဆောက်ခဲ့ရာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ကျပ်ငွေသန်းပေါင်း (၄၈၁) သန်းကျော် အကုန်ကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။


news-view-count-icon

19